![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwITGt4EBhUvbPrQ9rXyqsv8iG84Y00fX4L9DalMyB2KQhc02-jDMnwEU9EwJnrLEhvJPoYlk6Q5kUPZyacw7lakcuYI0LHbiw_QthEwFP_92DcA0kv4Nqm8-fUWrh4Dplh9lP6DowtxuO/s640/shwe_set_taw_pwe.jpg)
မန်းရွှေစက်တော်ဘုရားပွဲ နွှဲပျော်ကြစို့နော်
ကျွန်မ ငယ်ငယ်တုန်းကရောက်ခဲ့ဖူးတဲ့ ဆောင်းအကုန် နွေအကူးမှာ
ဖွင့်လှစ်လေ့ရှိတဲ့ ပျော်ပျော်ရွှင်ရွှင်ရေကစားရင်း ဘုရားဖူးနိုင်တဲ့
မန်းရွှေစက်တော် ဘုရားပွဲတော် အကြောင်းကို သိသလောက်လေးရေးချင်မိတယ်။
မြတ်ဗုဒ္ဓ၏ (၁၀၈)ကွက် စက်လက္ခဏာနဲ့ ပြည်စုံသော ခြေတော်ရာ
အစစ်ဖြစ်တာကြောင့် စက်တော်ရာ ဘုရားဟုခေါ်တွင်ကြပြီး မန်းချောင်းအနီးမှာ တည်ရှိလို့
မန်းရွှေစက်တော်ရာ ဘုရား ဟုခေါ်ဝေါ်ကြတယ်။
တည်နေရာ
မန်းရွှေစက်တော်ဘုရားဟာ ရန်ကုန်မှ ၃၂၉ မိုင် အကွာ မကွေးတိုင်း၊
မင်းဘူးမြို့နယ် မှာတည်ရှိပြီး မင်းဘူးမြို့နဲ့(၃၂) မိုင် ကွာဝေးပါတယ်။
လမ်းခရီးကြာချိန်
- ရန်ကုန် မှ မကွေးတိုင်း
- ၆ နာရီ ၃၀ မိနစ် ခန့် 
- မင်းဘူး မှ ရွှေစက်တော်
- ၁ နာရီကျော် ခန့် 
ထင်ရှားသည့်နေရာနှင့်အမှတ်အသားများ
- မကွေးမြသလွန်
- မန်းချောင်း
- ရွှေစက်တော်ရာ
- ကျောင်းတော်ရာ
- နဂါးပွက်အိုင်
- စက္ကိန်းတဲစေတီတော် ဒါတွေကတော့ ကျွန်မသိသလောက်လေးပေါ့။
ကျန်တာတွေရှိနေပါသေးတယ်။
သွားရောက်သင့်သည့်အကြောင်းအရာ
မန်းစက်တော်ရာ ခြေတော်ရာတွေဟာ ဘုရားရှင်ကိုယ်တော်တိုင် ချထားတဲ့
ခြေတော်ရာတွေဖြစ်တာကြောင့် သွားရောက်ဖူးမျှော်သင့် သလိုပျော်ရွှင်စရာ ကောင်းတဲ့
အညာဒေသရဲ့ စိမ့်စမ်းရေ တွေရှိတဲ့ မန်းချောင်းမှာ ရေချိုးရသော အရသာကိုလည်း
ခံစားကြည့်သင့်တယ်။ ဘုရားလည်းဖူးရ၊ ပျော်ရွှင်စွာရေလည်းကစားရ ရေချိုးလည်းရ၊
ဘေးမဲ့တောကိုလည်း လှည့်လည်ကြည့်ရှုနိုင်ပြီး သဘာဝတောတောင်ရေမြေ အရသာကိုလည်း
ခံစားနိုင်မှာဖြစ်တာကြောင့်သွားစေချင်မိတယ်။
ကျွန်မလည်းတစ်ခေါက်လောက်တော့ပြန်သွားနိုင်အောင် အချိန်ယူနေရင်း
။ ။
လေးစားလျှက်
Diary
Comments
Post a Comment