အကောက်တောင်ဘုရားဖူးခရီးစဉ်အကြောင်း


အကောက်တောင်ဘုရားဖူးခရီးစဉ်အကြောင်း

မြတ်စွာဘုရားကျေးမင်းဖြစ်တော်မူစဉ် ထိုတောင်ပေါ်ရှိ သစ်သီးသစ်ဥများက ချိုမြိန်အရသာရှိ၍ အစာကောက်သည်ကို အစွဲပြုကာ အစာကောက်တောင်ဟုခေါ်ရာမှ ကာလ ရွှေ့လျားကာ အကောက်တောင် ဟု တွင်သည်ဟုလည်း သိရပါတယ်။

ဧရာဝတီတိုင်း ကြံခင်းမြို့ ကနေ နာရီဝက်ကြာအောင် ကားဖြင့်ခရီးနှင်လျှင် ဆပ်သာရွာဆိုသော ရွာလေးသို့ရောက်ပါတယ်။ ဆပ်သာရွာမှတစ်ဆင့် စက်လှေဖြင့် ၁ နာရီကျော်စီးလျှင် အကောက်တောင် ဆိုသော တောင်သို့ရောက်မည်ဖြစ်သည်။

ကြံခင်းကနေ မော်တော်တိုက်ရိုက်စီးလာလျှင် ၁၇ မိုင်ဝေးပြီး ပဲခူးတိုင်း ရှိ ထုံးဘိုမြို့ မှ တစ်ဆင့် စက်လှေနှင့် သွားပါက ၁၅ မိနစ်ခန့် သာ စက်လှေစီးရပြီး သွားလမ်းသာပါတယ်။ ထို့အတူ ထုံးဘိုမြို့ မှ လည်းခြေလျင်ခရီးဖြင့်သွားနိုင်ပါတယ်။

ဗုဒ္ဓရုပ်ပွါးတစ်ထောင် အကောက်တောင်လို့ အဆိုရှိခဲ့သော်လည်း ယခုအချိန်တွင် သဘ၀ဘေးအန္တရာယ်ကြောင့် ဂူနံရံများ ပြိုကျပျက်ဆီးပြီး ရုပ်ပွါးတော်များ ရေခခဲ့ရသောကြောင့် ဆင်းတုတော်ပေါင်း ၃၇၀ သာ ကျန်ရှိတော့သည်ဟုသိရပါသည်။

ထင်ရှားသောလျောင်းတော်မူဘုရားများ မှာ
-                             တောင်ဘက်ကိုဦးခေါင်းထားပြီး အရှေ့ ဘက်ကိုမျက်နှာလှည့်ထားလျှင် ရှင်ပင်သာလျောင်း
-       အရှေ့ ရပ်ကိုဦးခေါင်းထားပြီး မြောက်အရပ်ကိုမျက်နှာလှည့်ထားလျှင်   ပေါင်းလဲကိုယ်တော် နှင့်
ရပ်တော်မူ၊ ထိုင်တော်မူ ၊ လျောင်းတော်မူ ဆင်းတုတော်များသည် တစ်ဆူနှင့်တစ်ဆူ မတူသလို သင်္ကန်းရုံထားခြင်း သင်္ကန်းချထားခြင်း များလည်းမတူပေ။ ထို့ပြင် သပိတ်ပိုက်၍ ဆွမ်းခံထွက်နေသော ဆင်းတုတော်ကိုလည်း တွေ့မြင်နိုင်သည်။ မုဒြာအမျိုးမျိုးကို ထူးခြားစွာတွေ့မြင်နိုင်ပါတယ်။
 အကောက်တောင်ရင်ပြင်ပေါ်တွင် စေတီတစ်ဆူရှိရာ ထိုစေတီ၏ဘွဲ့တော်မှာ

-        “ ရွှေမြင်တင်” ထို့ပြင်
-       နတ်ရေကန် ၊
-        ကျောက်ဖား ၊
-       ကျောက်ရှင် ၊
-       နဂါးတွင်း ၃ တွင်း နှင့်
-       ၀ါးပဒေသာ တို့ လို ထူးဆန်းသည်များလည်းရှိပါသေးတယ်။


            အကောက်တောင်ဘုရားပွဲကို နှစ်စဉ်နှစ်တိုင်း ၀ါဆိုလပြည့်နေ့တိုင်းကျင်းပသည် ဟု သိရပါသည်။ အကောင်တောင်ဘုရားဖူးခရီးစဉ်ကို ခရီးသွားကုမ္ပဏီများမှ နေ့ ချင်းပြန်ခရီးများ စီစဉ်ထားပြီး ခရီးစရိတ်မှာ ၂၅,၀၀၀ နှင့် ၃၀,၀၀၀ ၀န်းကျင်ခန့်သာရှိပါတယ်။

Pio

Comments