“ ပဲခူးမှာ ဘုရားစုံဖူးရင်း လည်ပတ်မယ်" တဲ့





 

“ ပဲခူးမှာ ဘုရားစုံဖူးရင်း လည်ပတ်မယ်" တဲ့

သွားနေကျဖြစ်တဲ့ပဲခူးမြို့လေးကို သဘောကျတာရယ်၊ 7 Day Daily က တိကျသေချာစွာ ရေးသားဖော်ညွှန်းထားတာတွေကို သဘောကျမိတာကြောင့် ကူးယူ မှတ်သားဖော်ပြလိုက်ချင်ပါတယ်။

စေတနာအရင်းအမှန်နှင့်ဖော်ပြပေးထားတာကြောင့်ဖတ်စေချင်မိတယ်နော်။

မိသားစုတွေနဲ့ အေးအေးဆေးဆေးလည်ပတ်ရင်း ဘုရားစုံဖူးကာ ကုသိုလ်ပြုနိုင်စေဖို့အတွက် ပဲခူးမြို့လေးကို လမ်းညွှန်ပေးချင်ပါတယ်။

ပဲခူးမြို့က ရန်ကုန်နဲ့လည်း မဝေး၊ လည်စရာတွေလည်း အများကြီးရှိတဲ့အပြင် နေ့ချင်းပြန်နိုင်တဲ့အတွက် သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ပဲခူးမြို့ကိုသွားမယ်ဆိုရင် စော်ဘွားကြီးကုန်းကနေ ပဲခူးသွားတဲ့ကားတွေစီးနိုင်သလို ကိုယ်ပိုင်ကားနဲ့ သွားမယ်ဆိုရင်လည်း နှစ်နာရီခန့်သာ ကြာမြင့်တဲ့အတွက် သက်သောင့်သက်သာသွားနိုင်မှာပါ။  

ပဲခူးမြို့က ဟံသာဝတီမင်းဆက်တွေ စိုးစံခဲ့တဲ့နန်းမြို့ဖြစ်တဲ့အတွက်ရှေးဟောင်းသမိုင်းရာဇ၀င်တွေရှိရာ မြို့ဖြစ်ပြီး အထင်ကရ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးတွေလည်း အများအပြားရှိပါတယ်။ ပဲခူးမြို့ကိုရောက်ပြီဆိုရင် အရင်ဆုံးမြို့ထဲမှာရှိတဲ့ သမိုင်းဝင်ရွှေမော်ဓောဘုရားကြီးကို ဖူးမြော်နိုင်ပါတယ်။ ရွှေမော်ဓောဘုရားက မြန်မာနိုင်ငံမှာရှိတဲ့ တန်ခိုးကြီးဘုရားတွေထဲမှာ တစ်ဆူအပါအ၀င်ဖြစ်သလို ပဲခူးဒေသရဲ့ အထင်ကရ သာသနိကအမွေအနှစ်တစ်ခုဖြစ်ပါတယ်။

ရွှေမော်ဓောဘုရားပေါ်မှာဆိုရင် ပဲခူးငလျင်လှုပ်ခဲ့တုန်းက ပြိုကျခဲ့တဲ့ရွှေမော်ဓောဘုရားရဲ့ မူလငှက်ပျောဖူးအဟောင်းကိုလည်း အနီးကပ်ဖူးမြော်နိုင်ပါတယ်။ရွှေမော်ဓောဘုရားဖူးပြီးရင်တော့ ပဲခူးမြို့ရဲ့ အထင်ကရ နောက်တစ်ခုဖြစ်တဲ့  လျောင်းတော်မူဘုရားတွေဖြစ်တဲ့ ရွှေသာလျောင်း၊ မြသာလျောင်းနဲ့ စိန်သာလျောင်းဘုရားတွေကိုလည်း ဖူးမြော်နိုင်ပါတယ်။

ရွှေသာလျောင်း ဘုရားကြီး က အလျား ၁၈၀ ပေ၊ အမြင့် ၅၂ ပေရှိပြီး ဒုတိယအကြီးဆုံးလျောင်း တော်မူ ရုပ်ပွားတော်ကြီးဖြစ်ပါ တယ်။ရွှေသာလျောင်း ဘုရားကြီး ကို မြင့်မားတဲ့ သွပ် ခေါင်မိုးတွေနဲ့ ကာရံထားတဲ့အတွက် အများအား ဖြင့်တော့ ရွှေသာလျောင်းဘုရား မှာပဲ အေးအေးလူလူ အနားယူကြ သလို ရပ်ဝေးကလာတဲ့သူတွေက လည်း ပါလာတဲ့အစားအသောက် တွေကို ၀ိုင်းဖွဲ့ စားသောက်ရင်း လည်း အပန်းဖြေ တစ်ထောက်နား ကြပါတယ်။

အေးအေးဆေးဆေး  စား သောက်အနားယူပြီးရင်တော့ စိန် သာလျောင်းဘုရားအနီးက မြွေ မယ်တော်ဘုရားဖြစ်တဲ့ မြွေမယ် တော်စောနန်းဝေကိုလည်း သွား ရောက်ကြည့်ရှုနိုင်ပါသေးတယ်။ ပြီးရင်တော့ရွှေဂူကြီး၊ ရွှေဂူ လေးနဲ့ ထူးခြားမှုတွေပြည့်နေပြီး ဆုတောင်းပြည့်တယ်ဆိုတဲ့ ကိုး သိန်းကိုးသန်းဘုရားတွေကိုလည်း ဖူးမြော်နိုင်သလို နတ်ကိုးကွယ် ယုံကြည်သူများကလည်း ဓာတ် နန်းတွေရှိတဲ့အတွက် အဓိဋ္ဌာန်ပြု နိုင်ပါသေးတယ်။

ဒါ့အပြင် ရွှေဂူကြီး၊ ရွှေဂူ လေးနဲ့ ကိုးသိန်းကိုးသန်းကြားမှာ ရှိတဲ့ စမ်းချောင်းကလေးဘေးမှာ လည်း အနားယူရေကစားနိုင်ပါ သေးတယ်။စမ်းချောင်းရေက တော့ ကြည်လင်ခြင်းမရှိပေမယ့် ရေဆော့ကစားနေတဲ့သူတွေက တော့ ရှိနေတတ်ပါတယ်။ရေ ကစားလိုသူတွေအတွက် နေရာ တစ်ခုပါ။ရေဆော့ပြီးရင်တော့ ဒေသ ထွက်ထန်းရည်နဲ့ အမြည်းစုံကို လည်း မြည်းစမ်းနိုင်ပါသေးတယ်။

ပြီးရင်တော့ မဟာစေတီ၊ ကမ္မလောမဟာမုနိဘုရား စတဲ့ ဆုတောင်းပြည့်ဘုရားကြီးတွေအ ပြင် စေတီတွေကိုလည်း ဖူးမြော် နိုင်ပါတယ်။ဘုရားတွေ ဖူးပြီးရင်တော့ ဘုရားပရိဝုဏ်အတွင်းမှာ ရောင်း ချတဲ့ဒေသထွက် ပုစွန်ချဉ်၊ ငါး ဖယ်ချဉ်၊ ကောက်ညှင်းထုပ်၊ ပြာ ရည်ထုပ်တွေကိုလည်း  လက် ဆောင်ပေးဖို့ ၀ယ်ယူနိုင်ပါသေး တယ်။

ပုစွန်ချဉ်၊ ငါးဖယ်ချဉ်တွေ ကလည်း လတ်လတ်ဆတ်ဆတ် ရှိတဲ့အပြင် အမြည်းပါကျွေးတာမို့ မြည်းစမ်းကြည့်ပြီးမှ နှစ်သက်ရာ ၀ယ်ယူနိုင်တဲ့အတွက် အိမ်ရှင်မ တွေအကြိုက်တွေ့စေမှာပါ။

ဘုရားဖူး၊ ဈေးဝယ်ပြီးရင် တော့ ကမ္ဘောဇသာဒီ နန်းတော်ကိုလည်း ၀င်လေ့လာဖို့ မမေ့ပါနဲ့။

ကမ္ဘောဇသာဒီ နန်းတော်က ဒုတိယ ပြည်ထောင်စုကို တည် ထောင်ခဲ့တဲ့ ဘုရင့်နောင်မင်းတ ရားကြီးစိုးစံခဲ့တဲ့ နန်းတော်ရာဖြစ် ပြီး သားတော် နန္ဒဘုရင် လက် ထက်မှာတော့ နန်းတော်ရာပျက် စီးခဲ့ရပါတယ်။ဒါပေမဲ့ စစ်အစိုးရ လက်ထက်မှာတော့ မူရင်းနဲ့တူညီ အောင် အသစ် ပြန်လည်တည် ဆောက်ခဲ့တဲ့အတွက် ရှေးမြန်မာ မင်းတွေရဲ့ စိုးစံရာ နန်းတော်အ ငွေ့အသက်ကို ခံစားရစေမှာဖြစ် ပါတယ်။

ပဲခူးမြို့က  ရှေးဟောင်းသမိုင်းမြို့ဝင် ဖြစ်တဲ့အတွက် ဘုရားနဲ့ စေတီတွေကတော့ လက် ညှိုးထိုးမလွဲ အများအပြားရှိနေတဲ့ အတွက် ကုသိုလ်ရသလို ဗဟုသု တလည်းရစေမှာဖြစ်ပါတယ်။ပဲခူးမြို့မှာ လည်ပတ်လို့အ ပြီး အချိန်ရသေးရင်တော့ ပျဉ်ပုံ ကြီးနားက မိုးယွန်းကြီးအင်းဖြစ် ဖြစ်၊ ပဲခူးအပြန် ဆယ်မိုင်မှာရှိတဲ့ ရွှေပြည်အပန်းဖြေ စခန်းမှာ ဖြစ် ဖြစ် ၀င်ရောက်ကာ အပန်းဖြေ လည်ပတ်နိုင်ပါသေးတယ်။



 ဒီတော့ အားလပ်ရက်မှာ မိသားစု၊ သူငယ်ချင်းစုံစုံညီညီနဲ့ အပန်းဖြေခရီး ထွက်ချင်ပေမယ့် ဝေးဝေးလံလံ မသွားလိုဘူးဆိုရင် တော့ ရန်ကုန်နဲ့မဝေးတဲ့ ပဲခူးမြို့ လေးကို သွားရောက်ဖို့ ညွှန်းပေး လိုပါတယ်။

        ။
Credit : 7 Day Daily


Comments