အလွမ်းတွေနဲ့ "ပင့်ကူရ" နယ်မြေ

 

 



မကုန်နိုင်သော လွမ်းခြင်းတွေလေ...
အဲ့ပြည်နယ်လေးမှာပေါ့ ဘယ်သောအခါမှ
ကုန်ခမ်းသွားမှာ မဟုတ်တဲ့ ကျွန်မရဲ့အလွမ်းလေးတွေရှိတယ်။

ပင်းတယဂူအကြောင်းကိုရောက်သွားတုန်းကသိထားတဲ့အကြောင်းအရာလေးတွေရယ်၊ဖတ်ဖူးထားသလောက်လေးတွေရယ်နဲနဲ ဝေမျှမယ်နော်။

ပင်းတယရွှေဥမင် (ပင်းတယရွှေဥမင်သဘာဝလိုဏ်ဂူဘုရား)မှာ ရှမ်းပြည်နယ် ၊ ပင်းတယမြို့တွင် တည်ရှိပါတယ်။ ပင်းတယဆိုသည်မှာ (စွယ်တော်ပန်းအဖြူပင်ပေါသည့် မြေပြန့်လွင်ပြင်ကျယ်ကျယ်ရှိရာ အရပ်) ဂူသုံးလုံးရှိကာ အရှေ့ဘက်အပေါက်မှ ဝင်ရောက်ရသောဂူများ ဖြစ်ပါတယ်။



တောင်ဘက်အကျဆုံးဂူဟာ ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၄၉၇၀ မြင့်ပြီး ပင်းတယမြို့ ၏ အမြင့်ပေမှာ ပေပေါင်း ၃၈၈၀ ဖြစ်ပါတယ်။ တောင်ဘက်ဆုံး ကျသောဂူကို အရှေ့ဘက်သံပြသာဒ်မှ တဆင့် လှေကားထစ် ၁၀၁ ထစ်တက်ပြီး ဝင်လိုက်တဲ့ အခါမှာ ဘုရားရှင်ကိုယ်စားတော်၊ ရုပ်ပွားတော်၊ ဆင်းတုတော်တွေများပြားစွာ တွေ့ရပါမှာဖြစ်ပါတယ်။

ဉာဏ်တော်အမြင့် အတောင်ငါးဆယ် (ခုနှစ်ဆယ့်ငါးပေ)ရှိသော ရွှေဥမင်စေတီတော်ကို ဂူအဝင်ဝရဲ့ ဘယ်ဘက်ခြမ်းခပ်ကျကျတွင် ဖူးမျှော်နိုင်ပါတယ်။ ယုံကြည်မှုသမိုင်းအရတော့ ထိုစေတီကို အသောကမင်းက တည်ထားခဲ့ပြီး အလောင်းစည်သူမင်းက ပြုပြင်ခဲ့သည်ဟုဆိုပါတယ်။ ဂူအဝင်မှ လိုဏ်ခေါင်းမြောက်ဘက်အဆုံးအထိ ပေ ၄၉၀ အရှည်ရှိပါတယ်။

ပင်းတယဂူဟု ခေါ်တွင်ခြင်းမှာ ဒဏ္ဌာရီပုံပြင်အရ`ပင့်ကူရ´မှ ပြောင်းလဲခေါ်ဝေါ်ခြင်း ဖြစ်ကြောင်းသိရပါတယ်။ ပင်းတယဂူ၏ တောင်ခြေမှာတော့ နာမည်ကျော်ကြားလှတဲ့  ပုတ်တလုပ်ရေကန် ရှိပါတယ်။

Diary

Comments