Diary Of My Life


ကျွန်မရဲ့ဒိုင်ယာရီလေးကိုလှည့်မကြည့်ဖြစ်ခဲ့တာကြာပြီ။
ဒိုင်ယာရီလေးထဲမှာအပျော်တွေနဲ့ ပြည့်နှက်နေတာမျိုးပဲလိုချင်ခဲ့တာ။

ပျော်စရာတွေအကြောင်းလေးနဲနဲစာစီချင်မိတယ်။

             
                     

အခုတင်ထားတဲ့ပုံကလေးပေါ့ ……
မြင်တာနဲ့ နှုတ်ခမ်းပေါ်ကိုအပြုံးတစ်ပွင့်ပြန်ရောက်ရောက်လာစေတယ်။  ၂ လပိုင်း၂၀၁၄ က ငွေဆောင်ကမ်းခြေရောက်နေကြတဲ့အချိန်လေ…….
လူတိုင်း လူတိုင်းမှာ စိတ်ညစ်စရာ၊ ၀မ်းနည်းစရာ ကိုယ်စီတော့ရှိတတ်ကြပါတယ်။ ကျွန်မလည်းထိုနည်းတူပါပဲ.....အဲ့အချိန်ကိုယ့်ကိုယ်ကိုသတ်သေပြစ်ချင်လိုက်အောင်ကို စိတ်ညစ်နေခဲ့ရတဲ့အချိန် ……
စိတ်ညစ်ညစ်ရောက်သွားခဲ့တာ ရောက်တဲ့အချိန်မှာ ပဲစိတ်ညစ်စရာတွေက အဝေးလွှင့်ကုန်တယ်၊ပြန်တွေးခဲ့ရတယ်၊ "ငါဘာတွေများ ညစ်နေတာပါလိမ့်" ဆိုတဲ့အတွေးကိုပေါ့။ ပျော်လိုက်ကြတာ ပျော်လိုက်ကြတာဆိုတာလေ ဘာနဲ့ မှနှိုင်းယှဉ်ပြစရာတောင်မရှိဘူး။ တကယ်ပဲ ရင်ထဲမှာအခုထိကျန်နေတုန်း ပြန်တွေးလိုက်မိရင် မနေ့ တနေ့ ကလိုပဲပျော်ရွင်မှုတွေက။

ကျေးဇူးတင်လိုက်တာ ငွေဆောင်ရယ်..... တစ်ဘ၀လုံးအတွက်သယ်ဆောင်သွားနိုင်တဲ့အမှတ်တရလေးတွေပေးခဲ့လို့ ပါ။

Comments

Post a Comment