One Of My Favourites





ငါးသံပုရာပေါင်း (ရှူးရှဲ 😂😂😂)

🍎🍎🍎🍎🍎🍎🍎🍎

ကတ်ကတစ် ၃၀သားအနေတော်ကောင်ကို အကြေးခွံခွာရေစင်အောင်ဆေးဆားနဲ့ဆေးပါ။

ဗိုက်သားကိုခွဲ။အမြှီးအစွန်နဲ့ အတောင်ကိုညှပ်ထုတ်ပါ။

(တခြားအသားများငါးသုံးလည်းကောင်းပါတယ်။ကတ်ကတစ်ကတော့သိတဲ့အတိုင်း အနံ့ကောင်းတယ်၊အသားချိုတယ်၊အသားလည်းများတယ်)

ငါးကို ဆား ၊ဟင်းခတ်မှုန့်၊ငံပြာရည် တို့နဲ့၁၀မိနစ်နှပ်ထား။စပါးလင်တစ်ချောင်းကိုထု ၃ပိုင်းဖြတ်

ငါးဗိုက်နေရာမှာ..၂ချောင်းထည့် ၊ပါးဟပ်မှာ ၁ချောင်းထည့်စပါးလင်၁ပိုင်းကြက်သွန်ဖြူ ၄မွှာ

ငရုတ်စိမ်း ၅တောင့်ကို ညှက်အောင်ထောင်း ထောင်းထားတဲ့အားလုံးကိုဆားလက်ဖက်ရည်ဇွန်း၁ဇွန်း

သကြား ၁ဇွန်းမြန်မာငါးငံပြာရည် ထမင်းစားဇွန်း ၂ဇွန်းပူဒီနံ၁၀ရွက်၊နံနံပင် ပါးပါးလှီးထားတာတို့ကို

ရေကျက်အေးနည်းနည်းနဲ့ဖျော်အပေါ့ငန်မြည်းပြီး လိုတိုးပိုလျော့ လုပ်ပါ။

၁၀မိနစ်ခန့်ဟင်းခတ်မှုန့်နယ်ထားတဲ့ငါးကိုပေါင်းရန်ဒယ်အိုးမှာ တူ (သို့)သစ်သားယောင်းမ နှစ်ခုကို

ငါးပန်းကန်တင်လို့ရအောင်ထားပါ။ဒယ်အိုးထဲရေထည့်ကာ ငါးကို ၁၅မိနစ်သာပေါင်းပါ။

အဖုံးပိတ်ထားရပါမယ်။(ငါးမှအရည်ထွက်ပါလိမ့်မယ်)

....ပြီးရင်

ခုနကဖျော်ထားတဲ့အားလုံးကို ငါးရဲ့အပေါ်မှာဖြန့်ထည့်(အဖုံးပြန်အုပ်၊ ၅မိနစ်ထား)ကျက်ပါပြီ။

စားခါနီး ငါးပန်းကန်ပူပူထဲကို

သံပုရာသီးညှစ်ထည့်ပြီး နံနံပင် အစိမ်းနံ့လေးသင်းချင်ရင်

နံနံပင်နည်းနည်းထပ်ထည့်ပါ။

တခြားသောငါးသံပုရာပေါင်းနည်းတွေလည်းရှိပါတယ်။

သို့ပေမယ့် ဒီနည်းကလွယ်ပြီး

စားရတာကောင်းလို့ မျှဝေတာပါ။😆😆

" ကြိုက်လွန်းလို့ချက်နည်းကိုရအောင်ရှာပြီး Page တစ်ခုကယူလာခဲ့တာပါ။

ပုံထဲကချက်ထားတာကတော့ ကျွန်မ ရဲ့လက်ရာ ငါးဖယ်ဟင်းလေးပါ။ "

Comments