ယခုအခါ မြန်မာနိုင်ငံရဲ့
မြို့တော်မဟုတ်သော်ညားလည်း ပထမဦးဆုံး ထေရ၀ါဒဗုဒ္ဓ သာသနာထွန်းကားခဲ့ပြီး ကမ္ဘာကသိတဲ့
မြန်မာတို့ရဲ့ အနှိုင်းမဲ့မြို့လေးအကြောင်း ကျွန်မသိသလောက် မျှဝေပါရစေ။
- ထု ဓမ္မရံ
- ဥာဏ် သဗ္ဗေညု
- အနု အာနန္ဒာ
- တန်ခိုး ရွှေစည်းခုံ
ဆိုတဲ့ဆိုရိုးစကားနဲ့
အညီ မြန်မာပြည်ရဲ့အနှိုင်းမဲ့ ပုဂံမြေဟာဆိုရင် အနော်ရထာမင်းကြီး တည်ထောင်ခဲ့တဲ့ ပထမမြန်မာနိုင်ငံတော်ရဲ့ မြို့တော်တစ်ခုပါတယ်။ ရန်ကုန်မြို့နဲ့
မိုင် ၃၈၀ ခန့်ကွာဝေးပြီး ဧရာဝတီမြစ်ရဲ့ အရှေ့ဘက် ၁၂၅ မိုင်အကွာမှာ တည်ရှိနေပါတယ်။
ပုဂံမြို့လေးဟာ ယနေ့ ထိတိုင် ဘုရားအဆူပေါင်း ၃၁၂၂ ဆူ ကျော်ကို တည်ထား ကိုးကွယ်နိုင်ခဲ့တဲ့
ဂုဏ်ယူစရာ ကောင်းလှတဲ့ မြို့လေးတစ်မြို့ဖြစ်သလို ယဉ်ကျေးမှု၊ ဗိသုကာအတတ်ပညာ၊ အနုပညာတွေလည်း
အခုချိန်ထိထွန်းကား လျှက်ရှိနေပါတယ်။ ပြီးတော့ အဲ့မြို့လေးမှာ လည်ပတ်စရာ နေရာတွေ၊ ဖူးမျှော်စရာ
ဘုရားစေတီပုထိုးတွေ၊ လေ့လာစရာ ဗဟုသုတတွေအများကြီးရှိနေပါတယ်။
ကျွန်မသိသလောက်
မျှဝေရမယ်ဆိုရင်တော့ ရွှေစည်းဂုံ ဘုရား၊ အာနန္ဒာ
ဘုရားကျောင်း၊ ဓမ္မရံကြီး ဘုရားကျောင်း၊ သဗ္ဗေညု ဘုရားကျောင်း၊ ဗူး ဘုရား၊ ရွှေဂူကြီး
ဘုရားကျောင်း၊ ကန်တော့ပုလ္လင်ဘုရား၊ မင်္ဂလာစေတီ၊ မဟာဗောဒိ ဘုရားကျောင်း၊ လောကနန္ဒာ ဘုရား၊
စူဠမုနိ ဘုရား၊ ပုလိပ် ဘုရား၊ မြင်းကမ္ဘာဂူပေါက်ကြီး၊ ၀က်ကြီးအင်းဂူပေါက်ကြီး၊ မနူဟာ
ဘုရားကျောင်း၊ နန်း ဘုရား၊ တန့် ကြည်တောင်၊ နတ်လျောင်ကျောင်း၊ ထီးလိုမင်းလိုဘုရား၊
မဟာဗောဓိဘုရား၊ လောကသိပ္ပံဘုရား၊ ရှေးဟောင်းသုတေသနပြတိုက် စတာတွေအပြင် များလှတဲ့ တန်ခိုးကြီး
ဘုရားတွေနဲ့ ကျွန်မ မသိသေးတဲ့ ထင်ရှားတဲ့ နေရာတွေ အများကြီးကျန်ရှိနေဦးမှာပါ။
မြန်မာနိုင်ငံသူ
နိုင်ငံသား အားလုံးဘာတွေပဲပြောင်းလဲသွားပါစေ၊ ဘယ်တွေရောက်နေကြပါစေ၊ ကျွန်မတို့ရဲ့ ထင်ရှားလှတဲ့
ရှေးဟောင်းမြို့တော်ကြီးကို ဘယ်တော့မှမေ့ မသွားစေချင်သလို အားလပ်ရက်တွေ ရတဲ့အခါတွေမှာလည်း
သွားရောက်စေချင်နေမိတယ်။ ဒါဟာတကယ့်ရင်ထဲကဆန္ဒတစ်ခုပါ။
မျှော်လင့်လျှက်
Pio
Comments
Post a Comment