Skip to main content
ပျော်ရွှင်မှုတွေပေးမယ့် ကျူံထော်ရေတံခွန်
ရေးချင်နေတာကြာနေပေမဲ့
.... အခုမှ ရေးဖြစ်တော့တယ်။ တကယ်ပါ ကျူံထော်ရေတံခွန်လေး စီကိုသွားကြည့်လိုက်
ပျော်ရွှင်မှုတွေကျန်ရစ်စေမယ်လို့ ရဲရဲကြီးအာမခံရဲတယ်။
အသေးစိတ်ကို
အောက်မှာဖတ်ကြည့်လိုက်နော် ...
ကရင်ပြည်နယ် မြိုင်ကြီးငူ
မြို့ရဲ့ ကျုံထော်ရေတံခွန်
တည်နေရာ
ရန်ကုန်မြို့ရဲ့
တောင်ဘက်ပိုင်း မိုင် ၁၂၀ အကွာမှာတည်ရှိနေတဲ့ ကရင်ပြည်နယ် မြိုင်ကြီးငူမြို့ရဲ့
ကျူံထော်ရေတံခွန် ကိုတစ်ရက်ခရီးစဉ် အနေနဲ့သွားရောက်နိုင်ပြီဖြစ်ပါတယ်။
အကြောင်းအရာ
အဲ့ဒိ ရေတံခွန်ဟာ
အစဉ်အမြဲတမ်းရေရှိနေတတ်ပါတယ်။ ရေတံခွန်ပဲ ရေအမြဲရှိမှာပေါ့လို့တော့
မတွေးလိုက်ပါနဲ့ တစ်ချို့ ရေတံခွန်တွေက တခါတရံမှာ ရာသီဥတုကြောင့်
ရေရှားပါးနေတာမျိုး၊ခမ်းခြောက်နေတာတွေရှိတတ်ပါတယ်။ ကျူံထော်ရေတံခွန်ကတော့ နွေ၊
မိုး၊ ဆောင်း ရာသီတွေ အလီလီပြောင်းလဲနေလည်း ရေမှာ ရှိမြဲပင်ဖြစ်တယ်။ထိုပြင်
၎င်းနယ်မြေ ဟာ နယ်မြေသစ် တစ်ခု လည်းဖြစ်ပါတယ်။
အရင်အချိန်တွေတုန်းက
အဲ့နယ်မြေတွေဟာ ငြိမ်းချမ်းမှုတွေမရှိတဲ့ အပြင်လမ်းပန်းဆက်သွယ်ရေးကလည်း
ဆိုးလွန်းပါတယ်။ အခုအချိန်မှာဆိုရင်တော့ လမ်းပန်းဆက်သွယ်ရေးမှာကောင်းမွန်လာပြီး
နယ်မြေလည်း အေးချမ်းလာပါပြီ။
ထင်ရှားသည့်နေရာများ
ကျူံထော်ကိုသွားမဲ့ခရီးစဉ်မှာဆိုရင်
အခြားထင်ရှားသောနေရာတွေကိုလည်းဝင်ရောက်လေ့လာနိုင်သေးတယ်လေ။
-
ဇွဲကပင်တောင်
-
ကျောက်ကလပ်စေတီ
-
ရွှေယဉ်မျှော်စေတီ၊
-
ကျုံထော်ရေတံခွန်
- ကော့ကွန်းဂူ
- ဆန္ဒန်ဂူ
- ဘုရင့်ညီဂူ
- ခရုံဂူ
-
သာမညဆရာတော်ကြီးရဲ့ကျောင်းတော်
ဒါကတော့ကျွန်မသိတဲ့နေရာလေးတွေပေါ့နော်။
အခြားနေရာတွေကိုလည်း ပါဝင်သွားရောက်နိုင်မှာဖြစ်ပါတယ်။
လမ်းခရီးစရိတ်
အဆိုပါ တစ်ရက်တာခရီးစဉ် ကို
ခရီးသွားဝန်ဆောင်မှုတွေက ခရီးလမ်းကြောင်းတွေဆွဲထားပြီး ခရီးစရိတ်ကတော့ တစ်ဦးကို
- 30,000 ကျပ်
- 40,000
ကျပ် ဝန်းကျင်သာဖြစ်ပါတယ်။
သွားရောက်သင့်သည့်အကြောင်း
ကရင်ပြည်နယ်
အောက်ပိုင်းမှာရှိတဲ့ နယ်မြေတွေက တစ်ရက်ခရီး စဉ်များအနက်မှာတော့
လူသွားအများဆုံးဖြစ်ပြီး မပျက်စီးသေးတဲ့ သဘာဝအလှအပတွေက
ကျန်ရှိနေသေးတာကြောင့် ခရီးသွားများကလည်း နှစ်သက်သဘောကျကြပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ
ကိုယ့်ပြည်တွင်းမှာရှိနေပြီး အလွယ်တကူသွားလို့ အဆင်ပြေနေတာကြောင့်
ကိုယ့်နိုင်ငံအတွင်းက အလှပတရားတွေကိုလေ့လာသင့်ပြီး သွားကိုသွားသင့်တယ်လို့
ကျွန်မတိုက်တွန်းချင်မိတယ်။ ။
Diary
Comments
Post a Comment