#အထက်လူကြီးများဖတ်ပေးပါ
အရွယ်ရောက်သူတိုင်း
အလုပ်လုပ်နေကြပါတယ်။ မိသားစုစားဝတ်နေရေး အတွက်ပဲဖြစ်ဖြစ် အတွေ့အကြုံတွေရလိုစိတ်ကြောင့်ဖြစ်ဖြစ်
အလုပ်ခွင်တစ်ခုကို ဝင်ရောက်ကြရတာ မှန်ပေမယ့် မပျော်နိုင်ဘဲ စိတ်ဆင်းရဲနေကြတဲ့လူတွေအများအပြားပါ။
အထက်လူကြီးနဲ့ အုပ်ချုပ်သူတွေကြောင့် လုပ်ငန်းတစ်ခုဟာ အောင်မြင်နိုင်သလို အချိန်မရွေးလည်း
ရှုံးနိမ့်သွားနိုင်ပါတယ်။ တကယ်လို့များ အလုပ်ခွင်ထဲမှာ ဒီလို ဆိုးရွားတဲ့ အထက်လူကြီးတွေ
ရှိနေရင်တော့ ဝန်ထမ်းတွေက အလုပ်မှာ တက်ကြွမှု ရှိတော့မှာမဟုတ်ပါဘူး။
၁။ ကိုယ့်လက်အောက်က
ဝန်ထမ်းကို နှိမ့်ချ ဆက်ဆံပြီး မောက်မာလွန်းရင်လည်း ဝန်ထမ်းတွေက သိမ်ငယ်သွားတတ်ပါတယ်။
၂။ ကိုယ်သဘောကျတဲ့လူကို
မျက်နှာပေပြီး သဘောမကျဘူး၊ အမြင်မကြည်ဘူးဆိုရင် ဂရုမစိုက်တတ်တာကြောင့်လည်း ဝန်ထမ်းတွေက
အလုပ်ကိုအလေးမထားတော့ပါဘူး။
၃။ အဆင်မပြေချိန်တွေမှာ
ဝန်ထမ်းတွေကို မဲပြီး ဟောက်တာ၊ ဆူတာမျိုးတွေကြောင့်လည်း ဝန်ထမ်းတွေ စိတ်ပျက်ရပါတယ်။
၎။ အပြစ်သေးသေးလေးကို
အသေးစိတ်အစက လိုက်ပြီးပြောနေတာတွေကြောင့်လည်း ဝန်ထမ်းတွေ စိတ်ညစ်နိုင်ပါတယ်။ ဥပမာအားဖြင့်
အဝတ်အစားဝတ်ဆင်တာမျိုး၊ ဆံပင်အရောင်ဆိုးခြင်း တားမြစ်တာမျိုးတွေက ချုပ်ခြယ်လွန်းရာရောက်ပါတယ်။
၅။ အစည်းအဝေး
တစ်ခုဟာ အလေးထားရမယ့်အရာလို့ နားလည်ထားတဲ့အလျောက် အရေးမပါတဲ့ အစည်းအဝေးတွေ ခဏခဏ ခေါ်လွန်းတာကြောင့်လည်း
ဝန်ထမ်းတွေက အလုပ်အပေါ် ငြီးငွေ့လာပါလိမ့်မယ်။
၆။ အပြစ်တွေအတွက်ပဲ
လက်ညှိုးထိုးပြစ်တင်နေပေမယ့် အောင်မြင်မှုတွေ ကြိုးစားမှုတွေအတွက် ဘယ်လိုတုံ့ပြန်မှုမှ
မလာဘူးဆိုရင် အလုပ်အပေါ် စိတ်အားထက်သန်မှုတွေဟာ တဖြည်းဖြည်း ပျောက်ရှသွားတတ်ပါတယ်။
၇။ တစ်ခုခုဆိုရင်
မပြတ်မသားနဲ့ ဟိုလိုလို၊ ဒီလိုလို လုပ်နေတတ်တဲ့ အထက်လူကြီးကြောင့်ပဲ လုပ်ငန်းခွင်ထဲက
ဝန်ထမ်းကောင်းတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ကတိပေးထားပြီးမှ ကတိမတည်တာတွေ၊ ပြောထားတဲ့အတိုင်း
မလုပ်ပေးဘူးဆိုရင် ဝန်ထမ်းတွေက ပျော်ရွှင်ရတော့မှာမဟုတ်ပါဘူး။
Credit #မူရင်းရေးသားသူ
Comments
Post a Comment