ကြင်နာစွာပွေ့ဖက်ခြင်းရဲ့ အကျိုးကျေးဇူး (၅) ခု


ပျော်ရွှင်စေနိုင်ခြင်း

ပွေ့ဖက်ခြင်းဟာ ခန္ဓာကိုယ်အတွင်းရှိ ချစ်ခင်ကြင်နာမှုနဲ့ ပျော်ရွှင်မှုခံစားစေတဲ့ oxytocin နဲ့ serotonin ပမာဏအတန်အသင့် ထုတ်ပေးပါတယ်။ အာရုံကြောဆိုင်ရာ ပါရဂူ ပေါလ်ဇက်က ပိုမိုပျော်ရွှင်သောဘဝနဲ့ ပိုမိုကောင်းမွန်တဲ့ အချစ်ရေးအတွက် တစ်နေ့ ၈ ကြိမ်ပွေ့ဖက်ပေးပါတဲ့။

စိတ်ဓာတ်ကျတာတွေကို  ပျောက်ကင်းစေခြင်း

ခဏခဏပွေ့ဖက်ခြင်းဟာ ခန္ဓာကိုယ်ထဲက ဟော်မုန်းတစ်ခုက စိတ်ဖိစီးမှုဖြစ်စေတဲ့ အထီးကျန်ခံစားရမှု၊ အမျက်ဒေါသထွက်ခြင်း၊ စိတ်တင်းမာခြင်းတွေ ဖယ်ရှားပေးပါတယ်။ အနည်းဆုံး ၁၀ မိနစ်ကြာ ပွေ့ဖက်ခြင်းက သင့်ကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ စိတ်ဖိစီးမှုအားလုံး လွင့်စင်ပျောက်ကွယ် သွားစေနိုင်ပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေရစေခြင်း

လူတစ်ယောက်ကို ပွေ့ဖက်တဲ့အခါ ၎င်းရဲ့စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေ ဘေးဖယ်ပေးပြီး အစစအရာရာ အဆင်ပြေတဲ့ အသိချက်ချင်း ရသွားစေပါတယ်။ ဒီစိတ်ချမ်းသာခြင်းအခြေအနေက မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုဖြစ်စေပါတယ်။

စိတ်တည်ငြိမ်မှုရစေခြင်း

တစ်ယောက်ယောက်မှ သင့်ကို တယုတယပွေ့ဖက်ပေးလိုက်တဲ့အခါ အရေပြားကနေ ထုတ်လာတဲ့ တုံ့ပြန်မှုက နွေးထွေးမှုဖြစ်ပါတယ်။ ဒီနွေးထွေးမှုက ခဏအတွင်း စိတ်တည်ငြိမ်မှု ဖြစ်စေပါတယ်။

ကိုယ်ခံအားကောင်းမွန်စေ

၁၀ မိနစ် ပွေ့ဖက်ခြင်းကတောင် ခန္ဓာကိုယ်မှာရှိတဲ့ သွေးဖြူဆဲလ်များထုတ်လုပ်မှု ပိုမိုတိုးပွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ခံအား ကောင်းမွန်စေပါတယ်၊ နှလုံးရောဂါအန္တရာယ် လျော့နည်းစေတယ်၊ အားအင်ချိနဲ့မှု၊ ကူးစက်ရောဂါမျိုးစုံ ခုခံတိုက်ခိုက်ပေးတယ်၊ ပြီးနောက် စိတ်ကျရောဂါ လျော့နည်းသက်သာစေပါတယ်။                                                                                      

Comments