အိပ်ယာစောစောထရမှာ ပျင်းတဲ့ငပျင်းလေးတွေအတွက်


#အိပ်ယာစောစောထရမှာပျင်းတဲ့သူတွေအတွက်အချက်၅ချက်

Alarm_အချိန်တွေတဖြေးဖြေးလျော့ကြည့်
 ပုံမှန်အိပ်ယာထနေကျအချိန်ထက် တစ်နာရီပိုစောထတဲ့အကျင့်ကိုလုပ်မယ်ဆိုရင် အရင်က ၈ နာရီအိပ်ယာထနေကြကို ၇ နာရီ ထတဲ့အကျင့်ပြောင်းမယ်ဆိုပါစို့။ ပထမရက်မှာ 7:45, ဒုတိယရက်မှာ 7:30, တတိယရက်မှာ 7:15 အဲ့လို နဲနဲစီနောက်ဆုတ်ပြီး အကျင့်လုပ်ပေါ့။

စောစောအိပ်ပြီးစောစောထတာသိပ်ကောင်းတယ်နော်
 စောစောအိပ်လို့စောစောထလို့ စောစောရှူးပေါက်ကြပါစို့။ မယုံရင်စမ်းကြည့် ကျန်းမာရေးအတွက်သိပ်ကောင်း။ အိပ်ရတာကိုနှစ်သက်တဲ့ ယာတို့လို အိပ်ပုတ်တွေအနေနဲ့ ကိုယ့်အိပ်ယာဝင်ချိန်တွေကို မျက်စိအပျက်ခံပြီး ဖုန်းတွေ၊ အဓိက ဖွဘုတ်ပေါ့နော်၊ ကွန်ပြူတာတွေနဲ့ လကား လကား ချိန်ကုန်ခံမနေနဲ့။

မနက်လင်းတာနဲ့ဝုန်းဒိုင်းသာကျဲပြီးပြတင်းတွေလိုက်ဖွင့်ပြစ်
 မနက်ခင်းရဲ့အလင်းဟာ လူကိုဖလန်းဖလန်းသိပ်ဖြစ်စေတာသိလား။ အဲ့ကြောင့်လေ နိုးပြီဆိုရင် ဆက်ကွေးမနေပဲ ပြတင်းပေါက်တွေ လိုက်ကာတွေ ပြေးဖွင့်ပြီး အလင်းရောင်အောက်မှာခဏနေကြည့်။ ခန္ဓာကိုယ်ပေါ်က ပိုးတွေပါသေသွားမယ်။ ပြတင်းပေါက်နေရောင်အောက်မှာ ငုတ်တုတ်ငိုက်ပြီး နေလောင်သွားရင်တော့😂😂😂 တာဝန်မယူဘူးပေါ့နော်။

Alarm_မြည်ပြီဆို "၅မိနစ် ၅မိနစ်" ဆက်လုပ်မနေနဲ့
 ယာတို့လို အိပ်ပုတ်တော်တော်များများကလေ နိုးပြီဆိုဆက်ပြီး ၅ မိနစ် ၅ မိနစ် နဲ့ဆက်ပြီး မှိန်းတာ ဘာအကျင့်မှန်းမသိ။ အဲ့တာက အချိန်တွေကိုသိပ်နှောင့်နှေးစေတာ အာ့ကြောင့် နှိုးစက်သံကြားတာနဲ့ ထပြီး သန့်စင်ခန်းထဲပြေး ငုတ်တုတ်ငိုက်ခိုင်းတာမဟုတ်ဘူးနော် အပေါ့လေးဘာလေးသွားပေါ့။

အိပ်ယာနိုးရင်ရေသောက်
အိပ်ယာနိုးလို့ အပေါ့လေးဘာလေးသွား နေရောင်လေးကိုခံစား ပြီးရင် ရေတစ်ခွက်အ၀သာသောက်ပြစ်လိုက်။ အဲ့လိုသောက်တာကလေ မနက်စာကို overeating ကနေကာကွယ်ပြီးသားဖြစ်သွားရော။ ပြီးတော့မှ အိပ်ယာသိမ်း အလုပ်သွား ကျောင်းသွားဖို့ပြင်ပေါ့။ အိပ်ယာသိမ်းတာကလဲ ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုပဲဆိုတာ မမေ့နဲ့ဦးနော်။

Ref
Pio

Comments