#အင်တာဗျူးသွားဖြေတော့မယ်ဆိုရင်
မဆိုင်တဲ့အပိုပစ္စည်းတွေမယူသွားပဲဖုန်းကိုလည်းပိတ်သွားပါ။
အင်တာဗျူးအခန်းထဲဝင်တော့မယ်ဆိုတာနဲ့သင့်ရဲ့ဖုန်းကိုပိတ်ပါ
(သို့မဟုတ်) airplane mood ဖြစ်စေ၊ silent ဖြစ်စေလုပ်သွားပါ။ ထို့ပြင် ရေသန့်ဗူး၊ တစ်ရှူးထုတ်၊
ကော်ဖီခွက်တွေ ယောင်ပြီးမယူသွားမိပါစေနဲ့။
သင့်ကိုယ်မှာသင်းပျံ့တဲ့မွှေးရနံ့တစ်ခုရှိပါစေ။
ကိုယ်သင်းရနံ့မွှေးမွှေးလေးကလည်း
ဆွဲဆောင်မှုတစ်ခုဖြစ်ကြောင့် အင်တာဗျူးသွားဖြေတဲ့အခါမှာ ရေမွှေးဖြစ်စေ၊ Body Spray ဖြစ်စေ
စွတ်သွားသင့်ပါတယ်။စွတ်တဲ့အခါမှာလည်းကိုယ်ကြိုက်တဲ့အနံ့ကိုပဲမစဉ်းစားသင့်ပါဘူး။ စူးရှအီစိမ့်နေတဲ့ရနံ့မျိုးမဟုတ်ပဲ
သဘာဝသင်းပျံ့တဲ့အနံ့တွေကပိုပြီးဆွဲဆောင်မှုရှိပါတယ်။ ဥပမာ- သစ်သီးရနံ့၊ သနပ်ခါးနံ့အစရှိသဖြင့်။
ရေမွှေးမကြိုက်တဲ့သူတွေအနေနဲ့ ခေါင်းလိမ်းဆီ(သို့)ခေါင်းလျှော်ရနံ့လေးသင်းနေရင်အဆင်ပြေပါတယ်။
ပီကေ၀ါးရင်းအင်တာဗျူးမဖြေပါနဲ့
အင်တာဗျူးခန်းထဲကို
ပီကေစားသွားရင်းတန်းလန်းဝင်မသွားပါနဲ့။ လူကြီးတွေနဲ့စကားပြောရင်း ပီကေ၀ါးတာဟာအလွန်ရိုင်းရာကျပြီး
First Interview နဲ့တင် သင်ဟာ ကျဖို့သေချာသွားပါပြီ။ အဲ့တာကြောင့် ခံတွင်းနံ့ဆိုးမှာကြောက်လို့
ပီကေ၀ါးမယ့်အစား ခံတွင်းသန့်ဆေးရည်လေးဆောင်ထားသင့်ပါတယ်။
သင့်ရဲ့လက်သည်းခြေသည်းတွေသန့်ရှင်းသွားပါ။
အင်တာဗျူးသွားဖြေတဲ့အခါမှာလက်ဆွဲနှုတ်ဆက်ကောင်းနှုတ်ဆက်ရပါလိမ့်မယ်။
ထိုအခါမှာ သင့်ရဲ့လက်က သန့်ရှင်းနေဖို့လိုပါလိမ့်မယ်။ လက်ဆွဲမနှုတ်ဆက်ရဘူးဆိုရင်တောင်
လူအများက သင့်ရဲ့ လက်တွေ၊ ခြေထောက်တွေရဲ့ သန့်ရှင်းသပ်ရပ်မှုကိုကြည့်ပြီး မှတ်ချက်ပေးပါလိမ့်မယ်။
အနက်ရောင်ဝတ်သွားခဲ့ရင်သင့်ပခုံးပေါ်ကိုသတိထားကြည့်ပါ။
အင်္ကျီအနက်ဝတ်သွားခဲ့တယ်ဆိုရင်
အင်တာဗျူးအခန်းထဲဝင်ခါနီး သင့်ပုခုံးပေါ်ကို ကြည့်ပြီး ခေါင်းပေါ်ကကျလာနိုင်တဲ့ ဗောက်တွေ၊
အမှုန်တွေရှိနေရင်ခါပြီးမှဝင်ပါ။
သင့်တော်တဲ့လက်ဝတ်ရတနာများဝတ်သွားပါ။
ယောကျာ်းလေးဖြစ်စေ၊
မိန်းကလေးဖြစ်စေ အင်တာဗျူးသွားဖြေရာမှာ ကိုယ်နဲ့လိုက်ဖက်တဲ့လက်ဝက်လက်စား အနည်းဆုံးတစ်ခုလောက်ဝတ်သွားသင့်ပါတယ်။
အများကြီး ရှုပ်ယှက်ခတ်ပြီး ၀တ်သွားဖို့လည်းမလိုပါဘူး။ လက်ဝက်လက်စားတွေဝတ်ရတာ ၀ါသနာမခဲ့ရင်
ကိုယ်နဲ့လိုက်ဖက်တဲ့ နာရီလေးတော့ပတ်သွားသင့်ပါတယ်။
Pio
Comments
Post a Comment