![Image result for 3 best friends goals](https://media.musely.com/u/568633e2-3957-4681-ae14-ca6205518632.jpg)
သင့်ဘ၀ထဲကနေ
အမြန်ဆုံးထုတ်ပစ်သင့်တဲ့ အတုယောင်သူငယ်ချင်း
မနာလိုပြိုင်ဆိုင်ခြင်း
မိမိက လှပစွာပြင်ဆင်ထားပေမဲ့လည်း
သူငယ်ချင်းက မကောင်းပဲပြောခြင်း၊ မိမိဝယ်ထားသော တန်ဖိုးကြီးပစ္စည်းတစ်ခုကို ၎င်း၏ပစ္စည်းထက်
အရည်အသွေးညံ့ကြောင်းပြောတတ်ခြင်း၊ မိမိရဲ့ချစ်သူက ၎င်း၏ချစ်သူထက် ပိုတော် ပိုချောကြောင်း
ပြောခြင်း စသည်ဖြင့် သူသာလျှင်အကောင်းဟု ပြောတတ်သော သူငယ်ချင်းဟာ မနာလိုပြိုင်ဆိုင်စိတ်တွေများနေပြီမို့
စွန့်ခွာသင့်ပါပြီ။
မျှဝေခံစားမှုမရှိခြင်း
၎င်း၏ ပျော်စရာ၊
ဝမ်းနည်းစရာ ခံစားမှုများကိုလာပြောပြသည့်အခါ မိမိက မျှဝေခံစားနားထောင်ပေးတတ်သော်လည်း
မိမိက ပျော်စရာများပြောပြသည့် အခါပျက်ရယ်ပြုခြင်း၊ ဝမ်းနည်းစရာများပြောပြသည့်အခါ နားမထောင်ပေးပဲ
သူပြောချင်ရာများပြောခြင်း စတဲ့သူငယ်ချင်းမျိုးဆို သင်အမြန်ဆုံးစွန့်ခွာသင့်ပါပြီ။
ကိုယ့်မကောင်းကြောင်းပြောတတ်သူ
မိမိက ယုံကြည်လို့
လျို့ဝှက်ချက်များကိုပြောပြထားသော်လည်း သူငယ်ချင်းက မိမိလျို့ဝှက်များကို မိမိနောက်ကွယ်တွင်
တခြားသူများကို ပြောပြကာ လှောင်ပြောင်နေသော သူငယ်ချင်းမျိုးတွေကိုဆို ဝေးဝေးမှာသာထားခဲ့လိုက်တော့ပါ။
သင့်အပေါ်ဆင်ခြေများခြင်း
မိမိက အမြဲတမ်း
သူငယ်ချင်းတွေကို ကူညီပေးတတ်သော်လည်း မိမိ လွန်စွာခက်ခဲနေချိန်မှာ အားကိုးတကြီးဖြင့်
အားလပ်နေတတ်သည့်သူငယ်ချင်းအား လှမ်းပြီး အကူအညီ တောင်းသည့်အခါ ၎င်းက အရေးမပါသော ဆင်ခြေများစွာ
ပေး၍ရှောင်ရှားတတ်သည့် သူငယ်ချင်းမျိုးဆို သင်ထားခဲ့လိုက်ပါတော့။
သင့်အားလစ်လျူရှုခြင်း
မိမိအား ပျော်စရာပါတီများ၊
ပွဲတော်များ၊ ခရီးများ သွားသည့်အခါ မပြောပဲ ၎င်းတို့အချင်းချင်းတိုးတိတ်စွာ စီစဉ်ပြီး
သွားတတ်သော သူငယ်ချင်းမျိုးတွေဆိုရင်တော့ မေ့ပြစ်လိုက်ပါတော့။
မိမိကသာအကုန်ကျခံရခြင်း
အမြဲလိုလို
မိမိကိုသာ မုန့်ကျွေးရန် ပူဆာတတ်ပြီး မိမိအပေါ် ဘာတုံ့ပြန်မှုမှမရှိသောသူ၊ လိုအပ်သောအခါ
မိမိထံမှ ချေးငှားပြီး ပြန်ပေးရန် မေ့ထားတတ်သောသူငယ်ချင်း၊ ကတိမတည်ပဲ မိမိကိုသာလိမ်လည်နေတတ်သော
သူငယ်ချင်းမျိုး တွေဆို ဘဝထဲကသာထုတ်ပြစ်လိုက်ပါ။
မိမိစိတ်ထဲကိုကြည့်ပါ
မိမိ ဘေးမှာရှိနေတဲ့ သူငယ်ချင်းတွေက ဟန်ဆောင်မှုတွေများနေတယ်၊ မိမိကိုလိမ်လည်နေကြတယ်၊
သာလို့ပေါင်းနေကြတယ်၊ အမြဲတမ်းလည်း ကတိပေးပြီးမတည်တတ်ကြဘူးလို့ စိတ်ထဲကထင်မြင်လာနေမိပြီဆိုရင်တော့
သင့်စိတ်ကို ယုံပြီး သူတို့ကိုစွန့်ခွာလိုက်ပါတော့။
Comments
Post a Comment