ကမ္ဘာကျော် စတုန်းဟန့်ကျောက်တုံးများ (Stonehenge)

ကမ္ဘာကျော် စတုန်းဟန့်ကျောက်တုံးများ ဟာ ဂရိတ်ဗြိတိန်နိုင်ငံ Wiltshire နယ်မှာသမိုင်းမတင်မှီ ခေတ်တတည်းက တည်ရှိခဲ့တာပါ။ဒီကျောက်တုံးတိုင်တွေ ဟာ ကမ္ဘာ့အံ့ဖွယ်ထဲဝင်ဖို့ နဲနဲလေးလွဲသွားခဲ့ရတာပါ။ဒါပေမယ့်ဒီ နေရာဟာ လျှို့ဝှက်မှုတွေ နဲ့အတူတည်ရှိနေပါတယ်။ရှေးဟောင်းသုတေသီတွေ က ၃၀၀၀ ဘီစီ နှင့် ၂၀၀၀ ဘီစီ ကြားကာလမှာတည်ဆောက်ခဲ့တာလို့ ယူဆကြပါတယ်။ chronology (သမိုင်းဝင်ဖြစ်ရပ်များကို ခေတ်၊ ကာလ သတ်မှတ်သည့်ပညာရပ်) ဖြင့် မှန်းဆကြတာပါ။

၂၀၀၈ခုတွင် ရေဒီယိုကာဗွန်နည်းဖြင့် စမ်းသပ်ချက်အရ ပထမဆုံးကျောက်တုံးရဲ့သက်တမ်းဟာ ၂၄၀၀ နှင့်၂၂၀၀ ဘီစီ လို့သတ်မှတ်ကြပါတယ်။အခြားသောယူဆချက်တွေအရ အလယ်က bluestone တွေကို ၃၀၀၀ ဘီစီမတိုင်မှီတတည်းက ဟု ယူဆကြပါတယ်။သူရဲ့ ပုံစံသည် ကျောက်တိုင်များဖြင့် ပြုလုပ်ထားတဲ့ လက်စွပ်အလားပါ။

ဒီစတုန်းဟန့် ကျောက်တုံးတွေကို ဖြေးဖြေးနှင့်စနစ်တကျ တည်ဆောက်ရမှာပါ။တစ်ချို့သောသုတေသီ တွေရဲ့အဆိုအရ ဒီကျောက်တိုင်တွေကို လွန်ခဲ့သောနှစ်ပေါင်း ၃၅၀၀ မှ ၄၀၀၀ ကြား တွင်  ပြီးစီးခဲ့တယ်လို့ဆိုကြပါသေးတယ်။လုပ်သားထောင်ဂဏန်းနှင့်တည်ဆောက်ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ဒီကျောက်တုံးတွေဒီနေရာ ကိုရောက်ရှိလာဖို့ပင်မလွယ်ပါ။အတွင်းပိုင်းမှ ကျောက်တုံးတွေဟာ bluestone များဖြစ်ပြီး ဒီကျောက်တုံးများဟာ ဝေးနယ်က တောင်တွေက ဖြတ်ထုတ်မှရမှာပါ။ကုန်ကျမည့် ငွေ နှင့် အချိန်ကိုလည်း မည်သူမျှ မသိနိုင်ပါ။


 ဝေးနယ်က ဒီနေရာနှင့်ဆို ၃၀၀ ကီလိုမီတာ အဝေးမှာ တည်ရှိတာပါ။ထိုအချိန်လောက်ကဆိုလျှင် ဒီကျောက်တုံးတွေ ကို သယ်ယူဖို့ရန် အလွန်ကိုခက်ခဲမှာပါ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသလို မြစ်နှစ်ခုကိုလည်းဒီကျောက်တုံးတွေ နှင့်အတူ ဖြတ်သန်းခဲ့ရမှာပါ။ကျောက်တုံး တစ်ခု၏အလေးချိန်ကိုက တန်လောက် ရှိပါတယ်။
ရှေးအယူအဆ တွေကတော့ လူတွေက မှော်အစွမ်းတွေအတွက် အသုံးပြုရန် အာဖရိက မှ ကျောက်တုံးများကို ဘီးလူးများအား သယ်ယူတည်ဆောက်စေခဲ့တာ လို့ဆိုပါတယ်။ ဒါကတော့ ရှေးအယူအဆ တွေပါ။တစ်ချို့ကတော့ ရှေး ခေတ်လူသားများ၏ ဘုရားသခင်အားဝတ်ပြု ရန်နေရာလို့ယူဆကြပါတယ်။
တစ်ချို့ကလည်း အချိန် နှစ် ရက်တွေအတွက်နက္ခတ်ကြည့် နေရာလို့လည်းဆိုကြပါတယ်။အယူအဆ အမျိုးမျိုးရှိကြပါသေးတယ်။(ဥပမာ- အားကစားကွင်း စည်းဝေးကွင်း စသည်ဖြင့်) သေချာတာကတော့ဒီကျောက်တုံးကျောက်တိုင်တွေဟာ လူအများအတွက် အထိမ်းအမှတ်နေရာ တစ်ခုခုပါ။ စနစ်တကျ နှင့် ပုံစံတကျတည်ဆောက်ခဲ့တယ်ဆို တာလည်း ကျန်ရှိနေတဲ့ အစိတ်အပိုင်းတွေကိုကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။သူ၏တည်ဆောက်ထားပုံ ဟာ ယနေ့တိုင်ပညာရှင် အသီးသီးမှ ရှာဖွေ ဖော်ထုတ်နေကြ စဲပါ။


ထိုစတုန်းဟန့်ကျောက်တုံးကြီးများ နှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ကို၁၉၈၆ ခုနှစ်တွင် ယူနက်စကို မှ ကမ္ဘာ့အမွေအနှစ်ဒေသ အဖြစ် သတ်မှတ်ထိန်းသိမ်းခဲ့ကြပါတယ်။ ဒါကျောက်တုံးများ တည်ရှိနေပုံ အဆောက်အဦးပုံစံ ခန့်မှန်းချက်ပါ။ အခုအချိန်မှာတော့ ဒီနေရာသည် အဝေးပြေး လမ်းမကြီး ဘေးမှာ ကပ်လျက်ရှိပါတယ်။ ကမ္ဘာလှည့် ခရီးသွားများနှင့် လေ့လာသူများလည်း များစွာလာရောက်တက်ပါတယ်။

နေခရမ်း blog မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

Comments