ငွေကြေးများစွာကုန်ကျခြင်းမရှိပဲ
ယုံကြည်မှုရှိရှိ စတိုင်ကျစေသောနည်းလမ်းများ
(၁) ပြုံးပါ။
ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေတဲ့
သူတိုင်းဟာ အမြဲပြုံးလေ့ရှိပြီး၊ အပြုံးဟာ အမျိုးသားအမျိုးသမီးတိုင်းအတွက် ငွေမကုန်တဲ့
ဖက်ရှင်တစ်မျိုးပါ။
(၂) ဖိနပ်ကိုသတိထားပါ။
အပေါ်ပိုင်းမှာ
တန်ဖိုးကြီးလှပနေပါစေ သင်စီးထားတာကဖုန်တွေ၊ ရွံ့တွေပေကျံနေတဲ့ ဖိနပ်ကြီးဖြစ်နေတယ် ဆိုရင်တော့
သင့်စတိုင်ပျောက်သွားမှာ သေချာတာကြောင့် မကြာမကြာဖိနပ်ကို သတိထားပြီး စွန်းထင်းနေတာမျိုး၊
ပေရေနေတာမျိုးရှိရင် တစ်ရှုးနဲ့ သုတ်ပါ။
(၃) သိပ်ကြပ်လွန်းတဲ့
အ၀တ်အစားတွေကို အတင်းမစွပ်ပါနဲ့။
ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့
သိပ်ကျပ်လွန်းတဲ့ အ၀တ်အစားတွေကို မဆန့်မပြဲအတင်းမစွပ်ပါနဲ့။ ဒီလို ၀တ်ဆင်ခြင်းဟာ ကိုယ့်ဘာသာကိုယ်လည်း
သက်တောင့်သက်သာ မဖြစ်တဲ့အပြင် ယုံကြည်မှုလျော့ကျစေပါတယ်။
(၄) တစ်ညအလို
ဝတ်စားမယ့်ဝတ်စုံကို အမြဲစဉ်းစားစီစဉ်ထားပါ။
သွားစရာရှိတယ်ဆိုရင်
ကြိုပြီးကိုယ့်မှာရှိတဲ့ အဝတ်အစားတွေကို ရွေးချယ်စဉ်းစားထားပါ။ သွားခါနီးမှ ပြေးဝယ်တာမျိုး
ရှာဖွေတာမျိုးတွေက ဈေးကြီးတာတွေမိတတ်ပြီး သင့် ယုံကြည်မှုနဲ့စတိုင်တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။
(၅) အပေါ်ထပ်ဝတ်
ဆွယ်တာသား အပါးစား
အမျိုးသား၊
အမျိုးသမီးတိုင်းအတွက် ထသွားထလာ လိုတဲ့အခါ၊ ရုပ်ရှင်ရုံသွားတဲ့အခါ၊ မိုးတွင်းချိန်ခါမှာအပြင်နှင့်
ခရီးသွားတဲ့အခါ မရှိမဖြစ်လိုအပ်တာကတော့ ဈေးချိုပြီး စတိုင်ကျတဲ့ ဆွယ်တာသားခပ်ပါးပါး
ခါးရှည်ဒီဇိုင်းလေးတွေ ဖြစ်ပါတယ်။
(၆) အသေးအဖွဲအတွက်ပိုက်ဆံအကုန်မခံပါနဲ့
အဖြူရောင်
တီရှပ်လေးတစ်ထည်အတွက် ဈေးကြီးပေးကုန်ကျမခံပါနဲ့။အဲဒီအစား ခေတ်ရေစီးကြောင်းအလိုက် သားရေဂျက်
ကတ်၊ကျင်းကုတ်စသဖြင့် သင့်ရဲ့ ဒီဇိုင်းကိုသာမန်ထက်ပိုပြီးထူးခြားသွားစေမယ့် ဆင်ယင်မှုမျိုးအတွက်အသုံးချပါ။
ဒါ့အပြင် ဈေးပေါတဲ့အကျီ င်္ဟာတချိန်တည်းမှာပဲ ဈေးကြီးတဲ့ Brandedဒီဇိုင်းဖြစ်သွားနိုင်ပါတယ်။ဆိုလိုတာက
ကြယ်သီး၊ အိတ်ကပ်၊ခါးစည်းကြိုးစတဲ့နေရာလေးတွေမှာ ဈေးကြီးတဲ့ အဆင်တန်ဆာတွေနဲ့ ပြောင်းလဲဒီဇိုင်းထွင်နိုင်ပါတယ်။
(၇) အထည်များကို
ဂရုတစိုက်မီးပူတိုက်ပေးပါ။
အင်္ကျီကတွန့်ကြေနေရင်
ဈေးသင့်တဲ့အမျိုးအစားဆိုရင်တောင် ဈေးပေါသလိုထင်ရပါတယ်။အဲဒါကြောင့်အကျီင်္တွေကို အမြဲတမ်းမီးပူတိုက်ပေးခြင်းက
သင့်တန်ဖိုးတစ်ခုငွေမကုန်ပဲ မြင့်သွားစေနိုင်ပါတယ်။
(၈) ဂျင်းထည်များဆောင်ထားပါ။
ဖက်ရှင်ရေစီးကြောင်းကနေ
ဘယ်တော့မှ ဖယ်ထုတ်ဖို့မဖြစ်နိုင်တဲ့အရာကတော့ ဂျင်းပါပဲ။ ဂျင်းဟာဆိုရင် ဈေးအသင့်အတင့်လည်းရှိပြီး
သင့်စတိုင်ဘယ်တော့မှရိုးသွားစေမှာမဟုတ်တဲ့အပြင် ကြာရှည်လည်းခံပါ။
(၉)ဘီဒိုထဲမှာပြန်ရှာပါ။
ဖက်ရှင်လို့ပြောလိုက်တာနဲ့
ပိုက်ဆံကုန်ဖို့ချည်းပဲ တွေးမနေပါနဲ့။သင်ကမေ့လျော့နေတဲ့ သင့်မှာရှိပြီးသားစတိုင်ကျတဲ့
ဖက်ရှင်တွေကို မသုံးစွဲမိပဲဖြစ်နေတတ်တာကြောင့် တခါတရံဘီဒီုထဲပြန်ပြီးလှန်လျောရှာဖွေပါ။
(၁၀) ရှပ်အင်္ကျ
ီအကွက်ဆောင်ထားပါ။
မိန်းကလေး၊ယောကျာ်းတိုင်းအတွက်
အမြဲတမ်းဖက်ရှင်ကျပြီးရိုးမသွားစေတဲ့အပြင် ဈေးလည်းသက်သာတဲ့ အင်္ကျီလေးတစ်ထည်ရှိနေပါတယ်။
အဲ့တာကတော့ ရှပ်အင်္ကျီအကွက်လေးတစ်ထည်ဖြစ်ပြီး အမြဲဆောင်ထားသင့်ပါတယ်။
(၁၁) လိုက်ဖက်တဲ့နေကာမျက်မှန်တစ်လက်
လူတိုင်းအတွက်
အပြင်သွားသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ အများကြီးပြင်ဆင်စရာမလိုပဲ အလိုလိုစတိုင်ကျသွားစေဖို့
အတွက်တော့ သင်နဲ့လိုက်ဖက်တဲ့နေကာမျက်မှန်တစ်လက်ရှိနေဖို့ပါပဲ။
(၁၂) ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။
မနက်ခင်းပိုင်းမှာ
ချွေးထွက်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်တာဟာ သင်ကို စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး
န္ဓာကိုယ်ကျစ်လစ်လှပစေရုံသာမက ပူနွေးတဲ့ကိုယ်ခန္ဓာနဲ့ အန်ဒိုဖင်ဓာတ်ထွက် စေတာကြောင့်
တစ်နေ့တာလုံး ရွှင်လန်းတက်ကြွနေမှာဖြစ်သလို တဖြည်းဖြည်းနဲ့ အသားအရေကြည်လင် လှပလာစေနိုင်ပြီး
ယုံကြည်မှုတွေရှိနေစေပါတယ်။
Pio
Pio
Comments
Post a Comment